Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈

A+ A-

“သူများတွေများသာယာလိုက်တာနော် သုံးမကုန်အောင်များနေတော့လည်းအချစ်ကလေးနဲ့လျှောက်လည်ပြီး ရှိသမျှအလုပ်အကုန်ပစ်ထားတော့တာပဲ”

စားပွဲခုံကိုလက်ဆစ်နှင့်တတောက်တောက်ခေါက်ရင်း သူညည်းသလိုပြောတော့ ကိုကျောက်စက်ကငဲ့ကြည့်ကာနှာခေါင်းရှုံ့လာလေသည်။

“မင်းကိုပြန်ခိုင်းရဲ့သားနဲ့ကိုယ့်ဘာသာမပြန်တာကို”

“ဟောဗျာ ကျွန်တော်ကဘာပြောနေလို့လဲ အမှန်တရားလေးပြောပြတာကို”

“မင်းအဲ့လိုတတွတ်တွတ်ညည်းနေတာမနက်ကတည်းကလေ”

“ပျင်းနေလို့ပေါ့ဗျ”

“ကိုယ့်ဘာသာလာကူလုပ်နေတာမဟုတ်ဘူးလား”

“ဟုတ်တယ်လေ သူငယ်ချင်းယောကျ်ားပိုင်တာလည်းသူငယ်ချင်းအပိုင်ဘဲမလို့ သူငယ်ချင်းအတွက်လာပေးနေတာ ဒါပေမယ့်ခင်ဗျားကတော့စကားလေးဘာလေးပြောသင့်တယ်လေဗျာ လူကိုတစ်​ယောက်တည်းပစ်ပစ်ထားပြီးတော့”

“မပျင်းချင်ရင် မင်းရဲ့အပျော်တွဲလေးတွေနဲ့ အီစီကလီသွားလုပ်နေလေ “

“လာပြန်ပြီလားဗျာ ကျွန်တော်နောက်ဆုံးတွဲခဲ့တာနှစ်ဝက်လောက်ရှိပါပြီဆိုတာကိုလည်း ခုထိဆက်ပြောနေတုန်းလား”

“အဲ့တာဆိုဟိုတစ်နေ့က Mallမှာစကားပြောနေတာကဘယ်သူတုန်း မင်းလက်ကိုတောင်တွဲထားသေးတယ်လေ”

လက်ထဲကစာချုပ်တွေခဏအောက်ချရင်း လက်ပိုက်ကာ သူ့ကိုတည့်တည့်ကြည့်ပြီးမေးလာတာက တရားခံတစ်ယောက်လို။

“ဘယ်နေ့တုန်းကတုန်း”

“ဗြောင်လိမ်မနေနဲ့ ဒါမှမဟုတ်ဘယ်တစ်ယောက်လဲမမှတ်မိတာလား”

“လုပ်ပြန်ပြီဗျာ ကျွန်တော်တကယ်ပြောတာ လခြမ်းအိမ်ထောင်ကျသွားကတည်းက အလုပ်တစ်ဖက်နဲ့ရည်းစားတွေဖက်ခြေဦးကိုမလှည့်ဖြစ်တာ”

“အဲ့တာဆိုအဲ့နေ့ကတစ်ယောက်ကိုပြောလေ”

“ဘယ်အချိန်တုန်းကဘယ်သူနဲ့လဲလို့ ကျွန်တော်ကခင်ဗျားပြောနေတဲ့သူကိုဘယ်လိုလုပ်ပြီးသိမှာလဲ”

“ကြည့် များလွန်းလို့မမှတ်မိတာ”

လက်ပိုက်ထားတာကိုဖြုတ်ပြီး စားပွဲဘက်ပြန်လှည့်ကာ ဖိုင်တွဲတွေနှင့်အလုပ်ဆက်ရှုပ်ဖို့ပြင်နေသူကစိတ်ဆိုးသွားသည့်ပုံ။သူစိတ်ညစ်ညစ်နှင့်ခေါင်းသာကုတ်လိုက်မိသည်။

“ဟောဗျာ ကဲပြောပြောဘယ်နေ့ကလဲ ဘယ်နေရာမှာလဲ”

“အရင်တစ်ပါတ်သောကြာနေ့ Oceanမှာ”

သူ့စကားအဆုံး လက်ခနဲသတိရသွားမှုမှာဟင်းခနဲသက်ပြင်းချနိုင်သည်။

“ဪ ခင်ဗျားရယ် အဲ့တာတိမ်ငွေ့ညီမလေးနန်းနဒီတဲ့ဒီကိုအလုပ်ကိစ္စနဲ့လာတာ Mallမှာတွေ့တာကလည်းမတော်တဆ ပြီးတော့သူ့အစ်ကိုလည်းပါတယ်ခင်ဗျားမမြင်တာနေမှာ”

“ရည်စားဟောင်းလား”

“ဘယ်ကသာ ဟိုကကလေးပဲရှိသေးတာ ကျွန်တော်အရင်တုန်းကတွဲဖြစ်တဲ့သူတွေမှာ သူငယ်ချင်းအသိတွေအမျိုးတွေရှောင်တယ်ဗျ ပြီးတော့အဲ့ကလေးမကလည်းကလေးကတည်းကသိလာတာ ညီမအရင်းလေးလိုပဲ”

” ဟုတ်ရောဟုတ်ရဲ့လားမသိဘူး မင်းပြောသမျှပေါ့”

“တကယ်ပါဆိုဗျာ….. ဒါနဲ့ခင်ဗျားကြည့်ရတာလေ တစ်နေ့တခြားအိမ်ကအဖေနဲ့တူတူလာတယ် တကယ်”

“ဟွန့်”

“ဟွန့်မနေနဲ့တကယ်… ဒါနဲ့လေ လခြမ်းတို့ဆီကသတင်းရသေးလားပြန်မလာသေးဘူးတဲ့လား”

“ကိုCean Rut ကာလပြီးတာတောင်တန်းပြန်မလာသေးဘူးဆိုတော့ နောက်တစ်ပါတ်လောက်ထိစောင့်ရအုံးမယ် သူငယ်ချင်းကိုလွမ်းလို့လား အလုပ်လုပ်ရတာပျင်းလို့လား”

“လခြမ်းကိုသတိရလို့ပါဗျာ အိမ်ကသူ့စတော်ဘယ်ရီတွေမှည့်နေပြီ”

“မင်းပဲစားပစ်လိုက်ပါ ကိုCeanအိမ်မှာ သူ့အတွက်စိုက်ပေးထားတာ နှစ်ဧကတောင်မှ”

“အဲ့လူကြီးကလခြမ်းကိုတော့ တော်တော်ချစ်တာဗျ ကျွန်တော်တို့မယ်ရှာစရာအပြစ်တောင်မတွေ့ဘူး”

“ပြောသားပဲ တော်တော်ဖြစ်နေတာပါဆို”

သူ့အလုပ်ရှင်ကိုဂုဏ်ယူနေတာ ပြုံးနေတဲ့မျက်နှာကြီးကအသက်။

“​ကျွန်တော်ဖြင့်နားကိုမလည်နိုင်ဘူး အသည်းအသန်တွေမုန်းလိုက် အသည်းအသန်တွေပြန်ချစ်လိုက်နဲ့ နောက်တစ်ခါပြန်မမုန်းဘူးလို့ပြောလို့ရပါ့မလား အဲ့လူကြီးကစိတ်မမှန်တဲ့ပုံပဲ”

“ပေါက်ကရတွေတွေးမနေနဲ့ အဲ့စားရင်းလေးပြီးအောင်စစ်ပေးအုံး ပြီးရင်ညနေစာသွားစားရအောင် မိုးချုပ်နေပြီ”

“Okဗျာ”

စာရွက်လှန်သံတွေ စာရိုက်သံတွေသာပျံ့လွင့်သွားပြန်တဲ့အခန်းက စကားသံတွေတိတ်ဆိတ်သွားပြန်သည်။ဖော်ပြမရနိုင်တဲ့ လိုက်ဖက်ခြင်းတွေပြည့်နေသလိုမျိုး…

…………….

“ကလေးလေး အဆင်ပြေရဲ့လား”

“…………”

“ကိုကို့ဘက်ကိုလှည့်ပါအုံး”

“အဲ့လူဆိုးကြီးကို မကြည့်ချင်ပါဘူးနော်”

“ကလေးကလည်းကွာ ကိုကိုကကြည့်ချင်နေတယ်လေ”

“ကတိမတည်တဲ့လူကြီး”

“ကိုကိုကချစ်လို့ပါ”

“ချစ်ရင်အနိုင်မကျင့်ရဘူးလေ”

လူဘက်လှည့်ကာ နှုတ်ခမ်းတထော်ထော်နဲ့ပြောနေတာက အသည်းယားစရာဘဲပေါက်လေးလို။

“အခြေနေနဲ့အချိန်အခါကွာတယ်လေ ငယ်ရဲ့”

“ဘာမှမဆိုင်ဘူး”

“ဆိုင်တာပေါ့ သာမာန်အခြေနေတွေမှာဆိုရင် အလိုလိုက်ပေးတယ်လေငယ်ရယ် အချစ်တွေပေးတဲ့အချိန်ဆိုရင်ကျတော့ ရပ်တန့်ခိုင်းရင်တောင်မရပ်တန့်နိုင်လောက်အောင်အထိချစ်မိသွားတာကိုး အနိုင်ကျင့်တာမဟုတ်ပါဘူး အချစ်တွေမရပ်တန့်နိုင်တာပါ”

“စကားတတ်တိုင်းလျှောက်ပြောမနေနဲ့ ငယ်ငယ်အိပ်ယာပေါ်ကမဆင်းနိုင်တာနှစ်ပါတ်ပြည့်တော့မယ်လေ အောက်ပိုင်းသေသွားရင်ဘယ်လိုလုပ်မလဲ “

“မဖြစ်ပါဘူးကွာ ကိုကိုအဲ့လောက်ထိမကြမ်းထားမိပါဘူး”

“ကြမ်းတယ်ကြမ်းတယ် ခုထိခါးအောက်ပိုင်းတစ်ခုလုံးထုံနေတုန်းပဲ အပေါ်ပိုင်းလည်းအတူတူပဲလေ တစ်ကိုယ်လုံးကိုကိုက်ထားသေးတယ်ခွေးအကြီးကြီး”

“ဟုတ်ပါတယ်ကွာ ကိုကိုကခွေးအကြီးကြီး ငယ်ငယ်ဆိုတဲ့အသားတုံးလေးကိုမစားရမနေနိုင်တဲ့ခွေးအကြီးကြီးလေနော်”

“ဟမ့်”

မျက်စောင်းထိုးလိုက်တာမို့ အသည်းယားစွာပြုံးလိုက်ပြီး ထိကိုင်ဖို့အခွင့်အရေးရှာရသည်။

“ရှူးပေါက်ချင်လား ကိုကိုပွေ့ပို့မယ်လေ”

“ဘယ်မှပွေ့ပို့ချင်မနေနဲ့ အိပ်ယာထဲပေါက်ချမှာ”

“ငယ်ငယ့်သဘောပါဗျာ ပေါက်ချတော့လည်းပေသွားတဲ့အဝတ်တွေ ကိုကိုကလျှော်ပေးမှာပေါ့”

“ကိုကို မညစ်ပတ်နဲ့နော် အိပ်ယာထဲရှူးပေါက်ချရအောင်ငယ်ငယ်ကကလေးလား”

“ငယ်ပဲပြောတာလေ”

“ငယ်ငယ်ကလျှောက်ပြောတာလေ ကိုကိုကအတည်ယူစရာလား”

“ဟုတ်တယ်နော် ကိုကိုမှားတာ”

“ကိုကိုကရွဲ့နေတာလား”

“ဟားဟားဟား ငယ်ကတော့ကွာ”

အဆိုးလေးရစ်နေတာကိုသဘောကျစွာရယ်တော့ မျက်မှောင်လေးကြုံ့ကာကြည့်လာလေသည်။

“ငယ်ငယ့်ကိုလှောင်တာလား”

“မလှောင်ပါဘူးငယ်ရဲ့”

“လှောင်တယ် ငယ်ငယ်နာနေတာကို ကိုကိုကရယ်နိုင်သေးတယ်လေ အဲ့တာလှောင်နေတာမလို့ပေါ့”

“ကလေးလေးစိတ်တွေအရမ်းဆိုးနေတာပဲ”

“အဲ့တော့မချစ်တော့ဘူးပေါ့”

“ဘယ်ကသာကွာ ချစ်လွန်းလို့ထားစရာနေရာမရှိဖြစ်နေတာ”

“ကိုကို့ရင်ခွင်ထဲထားလေ ဘယ်သွားထားချင်နေသေးတာလဲ”

“ဟုတ်ပြီဟုတ်ပြီ ကိုကို့ရင်ခွင်ထဲသိမ်းထားမှာ လာပါအုံး”

“မထိသေးနဲ့လို့နာနေတာပါဆို အဲ့ကိုကိုကထိပြီးရင်ပြန်မလွှတ်ပေးတော့ဘဲနဲ့”

“ဟုတ်ပြီနော်မထိတော့ဘူး တစ်စိမ့်စိမ့်ထိုင်ကြည့်နေမှာ”

“ပုံပြင်ပြောပြ”

“ကိုကိုမှမပြောပြတတ်တာ ငယ်ရဲ့”

“အဲ့တာဆို ဘဘကိုခေါ်ပေး”

“ဟမ်”

“ဟိုတစ်နေ့ကဘဘပြောတဲ့ ပုံပြင်နားထောင်ချင်တယ်လို့ “

“ဘာပုံပြင်လဲငယ်”

“မသိလို့နားထောင်ချင်တာပေါ့ဆို အဲ့တာကြောင့်ကိုကိုကခေါ်ပေးလို့”

“ကိုကိုကမသိဘူးလေငယ်ရယ် ငယ်တွေ့ချင်ရင်စိတ်ထဲကတွေးလိုက်လေ ရောက်လာမှာပေါ့”

“ခုတွေ့ချင်တာလို့ခု ခုနားထောင်ပြီးအိပ်မှာ ရှာပေးပါဆို မရှာပေးရင်ငိုမှာနော်”

တကယ်ငိုမည့်ဟန်ပြင်လာတာမို့ သူ့မှာကမန်းကတမ်းမတ်တပ်ထရပ်မိသည်။ကလေးကိုမျက်ရည်တောင်ဝိုင်းစေချင်တာမဟုတ်ဘူး။

“ဟုတ်ပြီနော်ကိုကိုသွားရှာပေးမယ်”

“မြန်မြန်ပြန်လာနော်”

“ဟုတ်ကဲ့ဗျာ”

​ပြန်ဖြေရင်း ခပ်သွက်သွက်အိမ်အောက်ဆင်းရသည်။သူကိုယ်တိုင်သွားလို့မရ ငယ့်ကိုစိတ်မချလို့။သူ့လူတွေကိုသာအမိန့်ပေးလိုက်မည်။မတွေ့လည်းကိစ္စမရှိ ငယ်ကအိပ်ချင်လို့ဂျီကျနေတာမို့ အိပ်ပျော်သွားတဲ့အထိအခန်းပြင်မှာစောင့်ပေးနေလိုက်မည်။တွေ့ခဲ့တော့လည်းကံပေါ့။

အတွေးတွေထဲအစီစဥ်ချနေတုန်း အိမ်ပြင်ထွက်ထွက်ချင်း ငယ်တွေ့ချင်တဲ့သူကအရံသင့်။စိတ်ထဲမှာသိပ်တော့မအံ့ဩမိ ငယ်ဆိုတာသာမာန်မှမဟုတ်ဘဲလေ။

“ဟို…..ငယ်ကတွေ့ချင်နေတယ်”

“အထဲဝင်ခွင့်ပြုပေးမလား”

“ဟုတ်ကဲ့”

သူ့အဖြေဆုံးတော့အိမ်ပေါ်တက်ဖို့ပြင်ပြီးမှ ခြေလှမ်းတွေရပ်သွားလေသည်။ထို့နောက်သူ့ကိုရည်ရွယ်သည့်စကားတွေက ထိုပုဂ္ဂိုလ်ထံမှ ညင်သာသော်လည်းကြည်လင်စွာ တိုးထွက်လာလေသည်။

“တစ်ချို့အရာတွေအတွက်စိတ်ပူဖို့မလိုအပ်သလို ဖြစ်ခဲ့တာတွေအတွက်အပြစ်တစ်ခုလို့လည်းမတွေးပါနဲ့ တစ်ခါတစ်လေသာမာန်လူတွေမလွန်ဆန်နိုင်တဲ့အရာတွေကြောင့် ထိန်းချုပ်ခံလိုက်ရတာတွေရှိတယ် အဘဘာပြောချင်လည်းသဘောပေါက်တယ်မလား မင်းလည်းတစ်ချို့အရာတွေသိထားပြီးသားနေမှာပါ ယုံတာမယုံတာဟာမင်းဆုံးဖြတ်ချက်ပါပဲ”

ပြန်မဖြေမိတာကိုမစောင့်ဘဲအိမ်ပေါ်တက်သွားတာမို့ သူ့ဆီကအဖြေကိုလိုမနေခဲ့တာနေမှာ။

“ဘဘ”

“တွေ့ချင်နေတာမလားကလေး”

“ဟုတ်”

“ရတယ်မထနဲ့ ကလေးသက်သာသလိုနေ”

လှဲနေရာကထဖို့ပြင်တော့ ပုခုံးလေးအသာဖိကာတားလာလေသည်။ရင်းနှီးနေသည့်အငွေ့အသက်ကဘာကြောင့်မှန်းမသိ။ငယ်ငယ်နှင့်အချိန်အကြာကြီးအတူရှိခဲ့ဖူးသူလိုမျိုး သူဆိုးသမျှသည်းခံပေးခဲ့သလိုမျိုးခံစားနေရသည်။

“ဘဘပုံပြင်ပြောပြမှာမလား”

“အရမ်းနားထောင်ချင်နေတာလား”

“ဟုတ်”

သူအားတက်သရောအဖြေပေးတော့ ကြင်နာစွာပြုံးပြလာတာကသူ့နှလုံးသားကိုနွေးထွေးစေသည်။

“အခုပြောပြမှာက ယုံကြည်ရင်တကယ့်အဖြစ်အပျက်လို့ပြောလို့ရပြီး မယုံကြည်ရင်ပုံပြင်တစ်ပုဒ်လို့သတ်မှတ်လို့ရတယ်”

“ငယ်ငယ့်ကိုဘာလို့ပြောပြတာလဲဟင်”

“နောင်တစ်ချိန်မှာအသုံးဝင်လာမယ်ထင်လို့”

“ဪ”

“အဲ့ပုံပြင်လေးကသာမာန်မဟုတ်သလို ဆန်းလည်းဆန်းပြားမနေဘူး နတ်ဆိုးတစ်ပါးကနတ်ဘုရားပေါက်စလေးကိုချစ်မိသွားရုံတင်”

“နတ်ဘုရားလေးကပြန်မချစ်ဖူးလား”

“အဲ့လိုလည်းမဟုတ်ဘူး အစကနေပြောပြမယ်”

အစရှာနေသလိုခဏနားလိုက်ပြီးမှ ပုံပြင်မဟုတ်သည့်ပုံပြင်လေး၏ နိဒါန်းကိုအစချီလေသည်။

“ကောင်းကင်ဘုံရဲ့လနတ်ဘုရားကြီးမှာသားတော်နှစ်ပါးနဲ့သမီးတော်တစ်ပါးရှိတယ် မင်းသမီးလေးကမွေးလာကတည်းကကိုယ်စားပြုပန်းတစ်မျိုးနဲ့အတူမွေးလာတာလေ အဲ့ပန်းတွေကမင်းသမီးရဲ့အမှတ်အသားတဲ့ ဘာလို့လဲဆိုတော့ပန်းရနံ့ကမင်းသမီးလေးကိုယ်မှာပဲရှိသလို သူရှိတဲ့နေရာမှာပဲပွင့်တာမလို့”

“ဝါးးးးးကံကောင်းလိုက်တာနော်”

“ဟုတ်တယ် ပြီးတော့ထူးခြားချက်တစ်ခုက မွေးဖွားလာလာချင်းဖူးစာရှင်ပါသတ်မှတ်ခံထားရတာ သူ့ဖူးစာရှင်ကသူ့ဖခမည်းတော်နဲ့အသက်သိပ်မကွာတဲ့မကောင်းမှုနတ်ဆိုးတဲ့”

“နတ်ဆိုးဆိုတော့မကောင်းတဲ့သူပေါ့နော်”

“အဲ့လိုလည်းသတ်မှတ်လို့မရဘူး မွေးဖွားလာကတည်းကနတ်ဆိုးတစ်ကောင်အနေနဲ့ဆိုပေမယ့် သူကမကောင်းမှုတွေမလုပ်ဖူးဘူး ဒါပေမယ့်ကောင်းကင်ဘုံနဲ့ကတော့အမြဲရန်ဘက်တွေ သူစိတ်မထင်ရင်မထင်သလိုကောင်းကင်ဘုံကိုဒုက္ခပေးလွန်းလို့ သူ့ကိုအမြဲမုန်းတီးနေတာ”

“……………..”

“ဒါပေမယ့်သူကစွမ်းအားအရမ်းကြီးတာမို့ ကောင်းကင်ဘုံကိုသူ,ခိုးခိုးပြီးဝင်နေတာကိုဘယ်သူမှမသိဘူး”

“သူကဘာလုပ်လို့စွမ်းအားကြီးတာလဲ”

“လူတွေရဲ့မကောင်းမှုတွေအားလုံးကိုသူကရရှိနေတာမလို့လေ လောကကြီးမှာဘယ်လောက်ပဲကောင်းတဲ့လူလို့ပြောပြောအတွင်းဘက်မသိစိတ်ထဲမှာ အနည်းနဲ့အများတော့မကောင်းမှုတွေရှိတတ်တယ် လူတိုင်းမှာကောင်းမှုမရှိနိုင်ပေမယ့် မကောင်းမှုကတော့လူတိုင်းမှာရှိတယ်”

“ဟုတ်တယ်နော်”

သူထောက်ခံမိသည်။လူတိုင်းကအကျင့်ကောင်းနေတာမှမဟုတ်တာကို။

“လနတ်ဘုရားကသူ့သမီးတော်လေးကိုနတ်ဆိုးနဲ့သဘောမတူနိုင်ဘူးလေ အရွယ်ရောက်တာနဲ့ဖူးစာကြိုးဖြတ်ဖို့အတွက်သူစီစဥ်ပြီးသား ဒါပေမယ့်တစ်ချို့ဖူးစာတွေဆိုတာ နတ်ဘုရားတွေကိုယ်တိုင်ဖြတ်ရင်တောင်မပြတ်နိုင်တဲ့အထိခိုင်မြဲတတ်တယ်”

“…………..”

“နတ်ဘုရားကြီးကမင်းသမီးလေးကိုဘယ်မှမသွားခိုင်းဘူး အဲ့တာကြောင့်မင်းသမီးလေးက သူ့အစ်ကိုတော်နှစ်​ယောက်ရယ် သူငယ်ချင်းရယ်ကလွဲရင်ဘယ်သူနဲ့မှမရင်းနှီးဘူး အချိန်ပြည့်ဉယျာဥ်ထဲမှာပဲဆော့ကစားနေတတ်ပြီးတော့ အပြင်ထွက်ရတာလည်းစိတ်မဝင်စားဘူး”

“နတ်ဆိုးနဲ့ဘယ်လိုတွေ့တာလဲ”

“နတ်ဆိုးကိုယ်တိုင်ရောက်လာခဲ့တာပေါ့ ကံကြမ္မာနတ်ဘုရားမကတစ်ဆင့်ဖူးစာဖက်အကြောင်းသိသွားတာမို့ သူကလာကြည့်တာ လာတုန်းကတော့အပျော်သဘောပါဘဲ ကလေးတစ်ယောက်ကိုခြိမ်းခြောက်ဖို့အတွက်လေ”

“သူကမကြိုက်ဘူးလား”

“သူကတပ်မက်မှုကင်းနေတဲ့နတ်ဆိုးဆိုပြီးကျော်ကြားတယ်လေ အချစ်ကိုအယုံကြည်မရှိသလို သူ့ကိုရန်သူလိုသဘောထားတဲ့နတ်ဘုရားရဲ့သမီးတော်ဆိုတော့သူ့အတွက်ပိုပြီးမဖြစ်နိုင်ဘူး အကြီးဆုံးအချက်ကအသက်ကွာခြားမှုပဲ သူကအသက်ထောင်ချီနေချိန်မှာ မင်းသမီးလေးက သက်တမ်း၃၀ပဲရှိသေးတာ သက်တမ်း၃၀ဆိုတာကောင်းကင်ဘုံမှာတော့ကလေးသာသာပဲလေ ဘာမှမသိသေးနားမလည်သေးသလို ချစ်ခြင်းမုန်းခြင်းကိုလည်းမခံစားတတ်သေးဘူး”

“အဲ့တော့ဘယ်လိုဖြစ်သွားတာလဲ”

“နတ်ဆိုးကနတ်ဘုရားဥယျာဥ်အတွင်းကိုခိုးဝင်ခဲ့တာ ပြီးတော့မင်းသမီးလေးကိုမြင်မြင်ချင်းချစ်သွားခဲ့တာ”

“အယ်”

“ဟုတ်တယ် ပြီးတော့အဲ့တစ်ကြိမ်ကလည်း သူတို့နှစ်ယောက်ဆုံတာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ပဲ”

“ဘာလို့လဲ”

“လနတ်ဘုရားကြီးသိသွားလို့ပေါ့”

“အာ”

“သိသွားရတဲ့အကြောင်းရင်းကလည်း ကံကြမ္မာနတ်သမီးကြောင့်ပဲလေ”

“ဟမ်”

“နတ်ဆိုးကမင်းသမီးလေးကိုသူတို့နှစ်ယောက်တွေ့တဲ့အကြောင်းဘယ်သူ့ကိုမှပြန်မပြောခိုင်းဘူးလေ အဲ့တော့မင်းသမီးလေးကလည်းကလေးဆိုတော့ကြောက်တာကိုး သူကသူ့ခမည်းတော်ကိုတောင်ပြန်မပြောဘူး ဒါပေမယ့်ကံကြမ္မာနတ်သမီးကသိတယ်လေ သူကိုယ်တိုင်ဆွဲထားတဲ့အစီအစဥ်ပဲဟာ”

“နတ်ဘုရားကြီးကဘာလုပ်လိုက်တာလဲဟင်”

“မင်းသမီးလေးကိုလူ့ပြည်မှာဖွက်ပစ်လိုက်တာပေါ့”

“ဘာလို့လဲ”

“အဲ့လိုနတ်ဆိုးမျိုးနဲ့သူ့ကလေးကိုဘယ်သူကသဘောတူနိုင်မှာလဲ အဲ့တာကြောင့်ကံကြမ္မာနတ်သမီးရဲ့အကြံအတိုင်း မင်းသမီးလေးကိုလူ့ပြည်မှာဖွက်ပစ်လိုက်တာ”

“နတ်ဆိုးကအစွမ်းကြီးတယ်မဟုတ်ဘူးလား မရှာနိုင်ဘူးလား”

“အစီအရင်တွေနဲ့လုပ်ပစ်လိုက်တာမို့နတ်ဆိုးလည်းမသိနိုင်တော့ဘူးလေ မင်းသမီးလေးကိုဖွက်ပစ်လိုက်ကတည်းကကိုယ်စားပြုပန်းတွေလည်းပျောက်ကုန်တော့တာ လူ့ပြည်မှာပဲပွင့်တော့တာလေ အမှန်တကယ်တော့မင်းသမီးလေးရဲ့ရနံ့အစစ်ကိုပန်းရနံ့တွေနဲ့ဖုံးပစ်လိုက်တာ”

“..”

“နတ်ဆိုးကအရမ်းချစ်မိသွားတာမလို့လူ့ပြည်ကိုလိုက်သွားခဲ့တာ ဘဝအဆက်ဆက်ဝင်စားပြီးသူ့ကြင်ယာဖက်ကိုလိုက်ရှာနေတာ ပြန်မတွေ့သေးမချင်းအစွမ်းတွေမရနိုင်တော့သလို အတိတ်ကိုလည်းမမှတ်မိနိုင်ဘဲသံသရာလည်နေမှာ”

“အကယ်၍မင်းသမီးလေးက လူ့ပြည်မှာချစ်သူတွေ့သွားရင်ရော”

“မဖြစ်နိုင်ဘူး မင်းသမီးလေးကအချစ်ခြေကျင်းနဲ့ချည်နှောင်ခံထားရပြီးသား”

“အချစ်ခြေကျင်း”

“နတ်ဆိုးကသိပ်ဉာဏ်များတာ သူကတွေ့တွေ့ချင်းမင်းသမီးလေးကိုအချစ်ခြေကျင်းနဲ့ချည်နှောင်ပစ်တာလေ အဲ့ခြေကျင်းရှိနေသ၍မင်းသမီးလေးကဘယ်သူ့ကိုမှချစ်မိမှာမဟုတ်တော့ဘူး နတ်ဆိုးရဲ့အတွေးတွေကရှင်းပါတယ် မင်းသမီးလေးကငယ်သေးတာမလို့စိတ်ကစားပြီးတခြားလူကိုချစ်မိသွားမှာဆိုးတာ သူကမင်းသမီးလေးအရွယ်ရောက်လာတဲ့အထိစောင့်နေဖို့ရည်ရွယ်ချက်နဲ့လေ
ဒါပေမယ့်အခြေနေတွေကထင်သလိုဖြစ်မလာခဲ့တာ”

“အဲ့ခြေကျင်းကလူ့ပြည်မှာပါအကျုံးဝင်တာလား”

“ဟုတ်တယ် နတ်ဆိုးကိုယ်တိုင်သစ္စာမပျက်မချင်းဘယ်ဘဝဘယ်အခြေနေပဲရောက်ရောက်အမြဲချည်နှောင်ထားမှာ ပြီးတော့အဲ့ခြေကျင်းမှာကျိန်စာပါတွဲပါလာတယ် သူ့ကိုချစ်မိလို့အပိုင်ယူပစ်ဖို့ကြံတဲ့လူတိုင်းအသက်ရှင်ခွင့်မရှိဘူး”

“ဪ ဘယ်လိုလုပ်မှလွတ်မြောက်မှာလဲဟင် အမြဲတမ်းအဲ့လိုဖြစ်နေမှာလား”

“အခြေနေတစ်ခုရှိတယ် အကယ်၍နတ်ဆိုးကလူမှားချစ်မိသွားခဲ့ရင် ဒါမှမဟုတ်သူ့လက်နဲ့ကိုယ်တိုင်သတ်ပစ်မိခဲ့ရင် မင်းသမီးလေးကပြန်ခွင့်ရသွားမှာ နတ်ဆိုးကတော့ဘဝဆက်တိုင်းသံသရာလည်နေတော့မှာပြန်ခွင့်မရှိတော့ဘူး”

“အဲ့တာဆိုဘဝဆက်တိုင်းနှစ်ယောက်လုံးကတခြားသူကို ချစ်လို့မရဘူးပေါ့နော်”

“ဟုတ်တယ် ဒါတွေအားလုံးကကံကြမ္မာနတ်သမီးရဲ့အစီအစဥ်တွေလေ”

“ဘာလို့အဲ့လိုလုပ်တာလဲ”

“နတ်ဆိုးရဲ့စွမ်းအားတွေကိုတပ်မက်လို့ပေါ့”

“ဘာဆိုင်လို့လဲဟင်”

“ဆိုင်တာပေါ့ အကယ်၍လူ့လောကမှာရောက်နေရင်နတ်ဆိုးဆိုတာသူ့လက်ထဲကနယ်ရုပ်လေးသာသာပဲလေ ကံကြမ္မာတစ်ခုဖန်တီးပြီးနတ်ဆိုးကိုယ်တိုင်မင်းသမီးလေးကိုသတ်ပစ်စေနိုင်သလို နတ်ဆိုးကသူ့စီစဥ်မှုအောက်မှာလူမှားပြီးချစ်မိသွားနိုင်တာပဲ
အဲ့လိုဆိုရင်နတ်ဆိုးရဲ့စွမ်းအားတွေအကုန်လုံးကံကြမ္မာနတ်သမီးရဲ့လက်ထဲရောက်သွားမှာပဲလေ”

“နတ်ဆိုးကမသိဘူးလား ဘာလို့လူ့ပြည်ကိုလိုက်သွားရတာလဲ”

“သူကအရမ်းချစ်မိသွားတာကိုး သူပိုင်ဆိုင်တဲ့အရာတွေကိုမမက်မောပေမယ့် မင်းသမီးလေးကိုတော့အဆုံးရှုံးမခံနိုင်လို့လေ”

“မင်းသမီးလေးကရောပြန်ချစ်လာမှာလားဟင်”

“အဲ့တာကတော့မသေချာဘူးပေါ့ မင်းသမီးလေးကိုလူ့ပြည်မှာဖွက်ပစ်လိုက်တုန်းကသူကကလေးစိတ်ပဲရှိသေးတာ ကောင်းကင်ဘုံရဲ့သက်တမ်းကသာသူ့အတွက်အစစ်အမှန်မလို့​ သူကဘယ်တော့မှမရင့်ကျက်တော့ဘူး ရင့်ကျက်သင့်တဲ့အရွယ်ရောက်ရင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ရလိမ့်မယ် နောက်ပြီးတော့အခုချိန်ထိလည်းသူကကလေးစိတ်မပျောက်သေးဘူးထင်ပါတယ်”

“အခုချိန်ထိ”

“အွန်း အခုချိန်ထိ……. သူကိုကိုယ်စားပြုတဲ့ပန်းတွေအခုချိန်ထိလူ့ပြည်မှာရှိနေတုန်းပဲ ဆိုတော့သူကလူ့ပြည်မှာပဲဆိုတဲ့သဘောပေါ့”

“ဘာပန်းလဲဟင်”

“စံပယ်ပန်းလေ”

“ဝါးးးး​ငယ်ငယ့်ရဲ့ဖယ်ရိုမုန်းနံ့ကလည်းစံပယ်ရနံ့လေ ပျော်စရာကြီးငယ်ငယ့်မှာကောင်းကင်ဘုံကပန်းရနံ့လေးရှိတယ်”

“ဟုတ်တာပေါ့အရမ်းကံကောင်းတာ”

ခေါင်းကိုအသာပုတ်ပေးနေရင်း မေတ္တာပြည့်ဝနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာက သူ့ရဲ့ရင်သွေးလေးလိုမျိုး။

“အဲ့ဒါဆိုသူတို့နှစ်ယောက်ကအခုထိမတွေ့သေးဘူးပေါ့နော်”

“တွေ့သွားပြီ”

“တကယ်လား အဲ့တာဆိုစံပယ်ပန်းတွေပျောက်ကွယ်တော့မှာလား”

သူချစ်တဲ့ပန်းကလေးတွေက အမြဲတမ်းမတည်ရှိနိုင်ဘူးဆိုတာကြားရတော့ သူတုန်လှုပ်သွားမိသည်။

“သူတို့တွေ့နေကြပြီဆိုပေမယ့် ထာဝရအတူရှိရဖို့တော့မသေချာသေးဘူး”

“ဘာလို့လဲဟင်”

“ကံကြမ္မာနတ်သမီးကြောင့်လေ”

“သူကပါလာပြန်ပြီလား နတ်သမီးဖြစ်နေပြီးဘာလို့အဲ့လောက်အကျင့်ပုပ်ရတာလဲ မုန်းစရာကြီး”

“သူကနှစ်တွေအကြာကြီးအစီစဥ်ဆွဲနေတာ သူအဆင်သင့်ဖြစ်ပြီဆိုမှ သူ့ရဲ့ကံတွေအကုန်အသုံးပြုပြီး ကံကြမ္မာတစ်ခုကိုဖန်တီးတယ် ပြီးတော့သူတို့နှစ်ယောက်ကိုတွေ့ဆုံစေတယ် ကောင်းသောတွေ့ဆုံခြင်းတော့မဟုတ်ဘူးပေါ့ နတ်ဆိုးကိုယ်တိုင်မင်းသမီးလေးကိုအရမ်းမုန်းတီးနေပြီးသတ်ပစ်ရမယ့်ကံကြမ္မာကိုဖန်တီးခဲ့တာ”

“အခုဘယ်လိုဖြစ်သွားပြီလဲဟင်”

“နတ်ဆိုးရဲ့အချစ်တွေကစစ်မှန်တော့ ကံကြမ္မာနတ်သမီးကိုယ်တိုင်ရေးဆွဲတဲ့ကံကြမ္မာကိုဆန့်ကျင်ပြီး မင်းသမီးလေးကိုထပ်ချစ်မိသွားတယ်သတ်ပစ်ဖို့မပြောနဲ့ မင်းသမီးလေးစိတ်ဆိုးရင်တောင် စိတ်ဆိုးအောင်လုပ်တဲ့လူကိုသူကသတ်ပစ်အုံးမှာ”

“အဲ့တာဆိုရပြီလေ HappyEndingလုပ်လို့မရဘူးလား”

“ထင်သလောက်မလွယ်ဘူးလေကလေးရဲ့ ဘာလို့လဲဆိုတော့ ကံကြမ္မာနတ်သမီးပါအဲ့ကမ္ဘာထဲမှာရောက်နေတာ တစ်ခုခုမှားတာနဲ့ သူတို့နှစ်ယောက်ထာဝရဝေးရမှာ”

“နတ်ဆိုးကစွမ်းအားကြီးတယ်မဟုတ်လား”

“သူ့အစွမ်းတွေကချိပ်ပိတ်ထားတာလေ ပြီးတော့ကံကြမ္မာနတ်သမီးကသူ့စွမ်းအားတွေအကုန်သုံးပြီး ကံကြမ္မာအသစ်တစ်ခုကိုဖန်တီးထားတာမို့ လွယ်လွယ်နဲ့ပေါင်းဖက်လို့မရနိုင်ဘူးပေါ့”

“လနတ်ဘုရားကြီးကမသိဘူးလား”

“အရင်တုန်းကတော့အယုံလွယ်ခဲ့တာကိုး ကောင်းမှုတွေကြောင့်ကောင်းကင်ဘုံရောက်လာတဲ့သူကို မကောင်းတွေကြောင့်ပေါက်ဖွားလာတဲ့နတ်ဆိုးထက်ပိုပြီးယုံကြည်ခဲ့တာ သိသွားတဲ့အချိန်ကနောက်ကျသွားပြီ
ကမ္ဘာခြားနေတဲ့နှစ်ယောက်ကိုဆိုးရွားတဲ့ရေစက်တွေနဲဆုံတွေ့ခိုင်းခဲ့ပြီးသွားပြီ”

“သူ့ကလေးကိုအမြဲစောင့်မကြည့်နေဘူးလား”

“စောင့်ကြည့်နေလို့သိခဲ့ရတာပေါ့ အဲ့တာကြောင့်အစ်ကိုနှစ်ယောက်ကော သူငယ်ချင်းဖြစ်သူရော သူနဲ့အတူလူ့ပြည်ရောက်လာတာ အားလုံးကဘာမှမမှတ်မိပေမယ့် ကာကွယ်ပေးရမယ်ဆိုတဲ့စိတ်တော့သူတို့အတွေးထဲမှာအမြဲတမ်းရှိတယ် ကံကြမ္မာကတော့ပြောင်းလဲလို့မရတော့ဘူးလေအဲ့တော့ကာကွယ်ပေးရုံပဲပေါ့”

“ဘဘကဒီအကြောင်းတွေဘယ်လိုသိတာလဲဟင်”

“ဘဘကကံကောင်းတဲ့သူမို့လို့ပေါ့”

“ငယ်ငယ်ကရော”

“ကလေးကလည်းကံကောင်းတဲ့သူမို့လို့”

“ဟီးဟီးးးးး”

“ပြောကြည့်ပါအုံး ကလေးအနေနဲ့ဆိုရင်ရော အဲ့ဒီနတ်ဆိုးကိုဘယ်လိုမြင်လဲ”

“အမ်….. မင်းသမီးလေးပြန်ချစ်သင့်တယ်လို့ထင်တယ် သူကတစ်ခါလေးတွေ့ဖူးတာတောင်မှမသေချာတဲ့အဖြေတစ်ခုအတွက် အရာအားလုံးစွန့်လွှတ်ပြီးလိုက်ရှာခဲ့တာပဲဟာ တကယ်အရမ်းချစ်လို့နေမှာ”

“ရွေးချယ်ခွင့်မပေးဘဲချုပ်နှောင်ထားတာကိုရော မင်းသမီးလေးကကမ္ဘာပေါင်းများစွာကိုတစ်ယောက်တည်းဖြတ်သန်းခဲ့ရတာလေ အချစ်ဆိုတာဘာမှန်းမသိတဲ့စိတ်နဲ့ သူ့မှာလည်းလွတ်လွတ်လပ်လပ်ချစ်ပိုင်ခွင့်ရှိတယ်လို့မထင်ဘူးလား”

“အချစ်ကအရမ်းအရေးကြီးတာလားဟင် သူ့ကိုအရမ်းချစ်ပေးတဲ့သူရှိနေတာပဲ ပြန်ချစ်လိုက်ရင်နှစ်ယောက်လုံးပျော်သွားရမှာပဲဟာ ဘာလို့တခြားအချစ်ကိုရှာနေမှာလဲ”

“ကလေးရော……  သူ့ကိုပြန်ချစ်မိသွားပြီလား”

“အာ….ကိုကိုကလုံခြုံမှုလည်းပေးနိုင်တယ်၊အမြဲတမ်းလည်းဂရုစိုက်ပေးတယ်၊အလိုလည်းလိုက်တယ် ငယ်ငယ်ပျော်တယ်လေ ငယ်ငယ့်ကိုပျော်အောင်ထားတဲ့လူကိုချစ်မိတာ ငယ်ငယ့်မှာအပြစ်မရှိဘူးမလားဟင်”

သူ့အဖြေမှန်ကြောင်းထောက်ခံစေချင်တဲ့မျက်ဝန်းလေးတွေကို ဘယ်သူကလွန်ဆန်နိုင်မှာတဲ့လဲ။

“ဒါပေါ့ ဘဝမှာအရေးကြီးဆုံးကပျော်ရွှင်ရဖို့ပဲလေ ကလေးမှာဘယ်လိုလုပ်ပြီးအပြစ်ရှိမှာလဲ ကိုယ့်အပေါ်အရမ်းဆိုးတဲ့လူကိုတောင်ချစ်မိနိုင်သေးရင် အရမ်းကောင်းပေးတဲ့လူကိုချစ်မိတာဖြစ်သင့်တာပေါ့”

“ဟီးးးး”

“အိပ်တော့..”

“ဟုတ်”

ဦးခေါင်းလေးထက်တစ်ချက်သပ်ပေးတော့ တန်းအိပ်ပျော်သွားတာမို့ သက်ပြင်းသာချမိသည်။

“ခမည်းတော်ရဲ့ကလေးလေးကသူ့ကိုသဘောကျတယ်ဆိုရင် ခမည်းတော်ကဘာလို့ကန့်ကွက်နေရမှာလဲ ရောက်လာတာနောက်ကျခဲ့လို့တောင်းပန်တယ်နော် ကလေးလေးအမြဲပျော်ရွှင်အောင်နေ ခွဲခဲ့ရတဲ့နှစ်ရာချီနဲ့စာရင် ပြန်ဆုံရဖို့သိပ်မလိုတော့တာမို့ ခမည်းတော်စောင့်နိုင်ပါတယ်”

တီးတိုးစကားအဆုံးနှဖူးပြင်လေးကိုအသာနမ်းမိသည်။အိပ်ယာဝင်တိုင်းအနမ်းပေးသိပ်ရတဲ့သူ့ရဲ့ရင်သွေးလေးတောင် သူနဲ့ဝေးတဲ့အရပ်မှာချစ်တတ်တဲ့အထိရင့်ကျက်သွားပြီပဲ။

“တွေ့ခဲ့ဖူးတာတွေမေ့ပစ်လိုက်ရမယ်နော်”

နှဖူးထက်လက်ညှိုးလေးနဲ့ဖိကပ်တော့ မျက်ခုံးလေးရှုံ့သွားတဲ့ကလေးက မသက်မသာခံစားနေရဟန်။အလင်းစက်လေးကွယ်ပျောက်မှသူထရပ်လိုက်သည်။ဆက်ကြည့်နေမိရင် ကလေးကိုပိုလွမ်းနေရလိမ့်မည်။

အောက်ထပ်ဆင်းတော့စားပွဲမှာထိုင်နေသူက မတ်တပ်ရပ်လာလေသည်။

“ငါ့မျက်လုံးကိုဆုံအောင်ကြည့်”

သူ့အမိန့်အဆုံးတည့်တည့်စိုက်ကြည့်လာသူက ခဏအကြာမျက်ဝန်းတို့မှေးမှိတ်သွားလေသည်။

“သဘောထားကြီးစွာနဲ့သဘောတူပေးမယ် ကလေးကိုပျော်​အောင်ထားဖို့မပျက်ကွက်ပါစေနဲ့ ငါနဲ့တွေ့ခဲ့တာတွေအားလုံးကိုမေ့ပစ်”

စကားအဆုံးလှစ်ခနဲပျောက်ကွယ်သွားသောအရိပ်တစ်ခု။

သူမျက်ဝန်းတွေဖွင့်ကြည့်တော့အိမ်အောက်ထပ်မှာ။

“ငါကဘာလို့ဒီရောက်နေတာလဲ ငယ်ငယ်ရော”

အတွေးတွေနဲ့အတူအိမ်ပေါ်ပြေးတက်ကာအိပ်ခန်းထဲရောက်မှ သက်ပြင်းချနိုင်သည်။
အိပ်ယာထက်မှေးစက်နေတဲ့သူ့ကလေးက နှစ်ခြိုက်ဖွယ်။ကိုယ်လုံးလေးကိုပွေ့ဖက်လို့သူပါဝင်လှဲလိုက်သည်။ထာဝရရဲ့ထာဝရအထိမင်းနဲ့ပဲအသက်ဆက်ရှင်တယ်အချစ်ရယ်……..

################

ငြိမ်း🌞🌻

ဒီအပိုင်းလေးကလေ ယုတ္တိမရှိတာ အရမ်းစိတ်ကူးယဥ်ဆန်နေတာသိပေမယ့် ငြိမ်းကဒီအကြောင်းအရာလေးကိုအခြေခံပြီးမှ အခုဇာတ်လမ်းလေးကိုအသက်သွင်းလိုက်တာဆိုတော့ နည်းနည်းလေးနားလည်ပေးစေချင်တယ်ပေါ့နော် ဖတ်ရတာပေါ့သွားတယ် ဇာတ်လမ်းကိုဖျက်ဆီးမိသွားတယ်လို့ခံစားရရင်လာပြောလို့ရပါတယ်နော် အချစ်ကလေးတို့ရဲ့ဝေဖန်အကြံပြုချက်လေးတွေကိုလည်းမျှော်လင့်နေပါတယ်လို့…..

“သူမ်ားေတြမ်ားသာယာလိုက္တာေနာ္ သုံးမကုန္ေအာင္မ်ားေနေတာ့လည္းအခ်စ္ကေလးနဲ႕ေလွ်ာက္လည္ၿပီး ရွိသမွ်အလုပ္အကုန္ပစ္ထားေတာ့တာပဲ”

စားပြဲခုံကိုလက္ဆစ္ႏွင့္တေတာက္ေတာက္ေခါက္ရင္း သူညည္းသလိုေျပာေတာ့ ကိုေက်ာက္စက္က ငဲ့ၾကည့္ကာႏွာေခါင္းရႈံ႕လာေလသည္။

“မင္းကိုျပန္ခိုင္းရဲ႕သားနဲ႕ကိုယ့္ဘာသာမျပန္တာကို”

“ေဟာဗ်ာ ကြၽန္ေတာ္ကဘာေျပာေနလို႔လဲ အမွန္တရားေလးေျပာျပတာကို”

“မင္းအဲ့လိုတတြတ္တြတ္ညည္းေနတာမနက္ကတည္းကေလ”

“ပ်င္းေနလို႔ေပါ့ဗ်”

“ကိုယ့္ဘာသာလာကူလုပ္ေနတာမဟုတ္ဘူးလား”

“ဟုတ္တယ္ေလ သူငယ္ခ်င္းေယာက်္ားပိုင္တာလည္းသူငယ္ခ်င္းအပိုင္ဘဲမလို႔ သူငယ္ခ်င္းအတြက္လာေပးေနတာ ဒါေပမယ့္ခင္ဗ်ားကေတာ့စကားေလးဘာေလးေျပာသင့္တယ္ေလဗ်ာ လူကိုတစ္ေယာက္တည္းပစ္ပစ္ထားၿပီးေတာ့”

“မပ်င္းခ်င္ေရ မင္းရဲ႕အေပ်ာ္တြဲေလးေတြနဲ႕ အီစီကလီသြားလုပ္ေနေလ “

“လာျပန္ၿပီလားဗ်ာ ကြၽန္ေတာ္ေနာက္ဆုံးတြဲခဲ့တာႏွစ္ဝက္ေလာက္ရွိပါၿပီဆိုတာကိုလည္း ခုထိဆက္ေျပာေနတုန္းလား”

“အဲ့တာဆိုဟိုတစ္ေန႕က Mallမွာစကားေျပာေနတာကဘယ္သူတုန္း မင္းလက္ကိုေတာင္တြဲထားေသးတယ္ေလ”

လက္ထဲကစာခ်ဳပ္ေတြခဏေအာက္ခ်ရင္း လက္ပိုက္ကာ သူ႕ကိုတည့္တည့္ၾကည့္ၿပီးေမးလာတာက တရားခံတစ္ေယာက္လို။

“ဘယ္ေန႕တုန္းကတုန္း”

“ေျဗာင္လိမ္မေနနဲ႕ ဒါမွမဟုတ္ဘယ္တစ္ေယာက္တုန္းမမွတ္မိတာလား”

“လုပ္ျပန္ၿပီဗ်ာ ကြၽန္ေတာ္တကယ္ေျပာတာ လျခမ္းအိမ္ေထာင္က်သြားကတည္းက အလုပ္တစ္ဖက္နဲ႕ရည္းစားေတြဖက္ေျခဦးကိုမလွည့္ျဖစ္တာ”

“အဲ့တာဆိုအဲ့ေန႕ကတစ္ေယာက္ကိုေျပာေလ”

“ဘယ္အခ်ိန္တုန္းကဘယ္သူနဲ႕လဲလို႔ ကြၽန္ေတာ္ကခင္ဗ်ားေျပာေနတဲ့သူကိုဘယ္လိုလုပ္ၿပီးသိမွာလဲ”

“ၾကည့္ မ်ားလြန္းလို႔မမွတ္မိတာ”

လက္ပိုက္ထားတာကိုျဖဳတ္ၿပီး စားပြဲဘက္ျပန္လွည့္ကာ ဖိုင္တြဲေတြႏွင့္အလုပ္ဆက္ရႈပ္ဖို႔ျပင္ေနသူက စိတ္ဆိုးသြားသည့္ပုံ။သူစိတ္ညစ္ညစ္ႏွင့္ေခါင္းသာကုတ္လိုက္မိသည္။

“ေဟာဗ်ာ ကဲေျပာေျပာ ဘယ္ေန႕ကလဲ ဘယ္ေနရာမွာလဲ”

“အရင္တစ္ပါတ္ေသာၾကာေန႕ Ocean မွာ”

သူ႕စကားအဆုံး လက္ခနဲသတိရသြားမႈမွာဟင္းခနဲသက္ျပင္းခ်နိဳင္သည္။

“ဪ ခင္ဗ်ားရယ္ အဲ့တာတိမ္ေငြ႕ညီမေလးနန္းနဒီတဲ့ဒီကိုအလုပ္ကိစၥနဲ႕လာတာ Mallမွာေတြ႕တာကလည္းမေတာ္တဆ ၿပီးေတာ့သူ႕အစ္ကိုလည္းပါတယ္ခင္ဗ်ားမျမင္တာေနမွာ”

“ရည္စားေဟာင္းလား”

“ဘယ္ကသာ ဟိုကကေလးပဲရွိေသးတာ ကြၽန္ေတာ္အရင္တုန္းကတြဲျဖစ္တဲ့သူေတြမွာ သူငယ္ခ်င္းအသိေတြအမ်ိဳးေတြေရွာင္တယ္ဗ် ၿပီးေတာ့အဲ့ကေလးမကလည္းကေလးကတည္းကသိလာတာ ညီမအရင္းေလးလိုပဲ”

” ဟုတ္ေရာဟုတ္ရဲ႕လားမသိဘူး မင္းေျပာသမွ်ေပါ့”

“တကယ္ပါဆိုဗ်ာ….. ဒါနဲ႕ခင္ဗ်ားၾကည့္ရတာေလ တစ္ေန႕တျခားအိမ္ကအေဖနဲ႕တူတူလာတယ္ တကယ္”

“ဟြန့္”

“ဟြန့္မေနနဲ႕တကယ္ ဒါနဲ႕ေလ လျခမ္းတို႔ဆီကသတင္းရေသးလားျပန္မလာေသးဘူးတဲ့လား”

“ကိုCean Rut ကာလၿပီးတာေတာင္တန္းျပန္မလာေသးဘူးဆိုေတာ့ ေနာက္တစ္ပါတ္ေလာက္ထိေစာင့္ရအုံးမယ္ သူငယ္ခ်င္းကိုလြမ္းလို႔လား အလုပ္လုပ္ရတာပ်င္းလို႔လား”

“လျခမ္းကိုသတိရလို႔ပါဗ်ာ အိမ္ကသူ႕စေတာ္ဘယ္ရီေတြမွည့္ေနၿပီ”

“မင္းပဲစားပစ္လိုက္ပါ ကိုCeanအိမ္မွာ သူ႕အတြက္စိုက္ေပးထားတာ ႏွစ္ဧကေတာင္မွ”

“အဲ့လူႀကီးကလျခမ္းကိုေတာ့ ေတာ္ေတာ္ခ်စ္တာဗ် ကြၽန္ေတာ္တို႔မယ္ရွာစရာအျပစ္ေတာင္မေတြ႕ဘူး”

“ေျပာသားပဲ ေတာ္ေတာ္ျဖစ္ေနတာပါဆို”

သူ႕အလုပ္ရွင္ကိုဂုဏ္ယူေနတာ ၿပဳံးေနတဲ့မ်က္ႏွာႀကီးကအသက္။

“ကြၽန္ေတာ္ျဖင့္နားကိုမလည္နိုင္ဘူး အသည္းအသန္ေတြမုန္းလိုက္ အသည္းအသန္ေတြျပန္ခ်စ္လိုက္နဲ႕ ေနာက္တစ္ခါျပန္မမုန္းဘူးလို႔ေျပာလို႔ရပါ့မလား အဲ့လူႀကီးကစိတ္မမွန္တဲ့ပုံပဲ”

“ေပါက္ကရေတြေတြးမေနနဲ႕ အဲ့စားရင္းေလးၿပီးေအာင္စစ္ေပးအုံး ၿပီးရင္ညေနစာသြားစားရေအာင္ မိုးခ်ဳပ္ေနၿပီ”

“Okဗ်ာ”

စာ႐ြက္လွန္သံေတြ စာရိုက္သံေတြသာပ်ံ့လြင့္သြားျပန္တဲ့အခန္းက စကားသံေတြတိတ္ဆိတ္သြားျပန္သည္။ေဖာ္ျပမရနိုင္တဲ့ လိုက္ဖက္ျခင္းေတြျပည့္ေနသလိုမ်ိဳး……………..

…………….

“ကေလးေလး အဆင္ေျပရဲ႕လား”

“…………”

“ကိုကို႔ဘက္ကိုလွည့္ပါအုံး”

“အဲ့လူဆိုးႀကီးကို မၾကည့္ခ်င္ပါဘူးေနာ္”

“ကေလးကလည္းကြာ ကိုကိုကၾကည့္ခ်င္ေနတယ္ေလ”

“ကတိမတည္တဲ့လူႀကီး”

“ကိုကိုကခ်စ္လို႔ပါ”

“ခ်စ္ရင္အနိုင္မက်င့္ရဘူးေလ”

လူဘက္လွည့္ကာ ႏႈတ္ခမ္းတေထာ္ေထာ္နဲ႕ေျပာေနတာက အသည္းယားစရာ ဘဲေပါက္ေလးလို။

“အေျခေနနဲ႕အခ်ိန္အခါကြာတယ္ေလ ငယ္ရဲ႕”

“ဘာမွမဆိုင္ဘူး”

“ဆိုင္တာေပါ့ သာမာန္အေျခေနေတြမွာဆိုရင္ အလိုလိုက္ေပးတယ္ေလငယ္ရယ္ အခ်စ္ေတြေပးတဲ့အခ်ိန္ဆိုရင္က်ေတာ့ ရပ္တန့္ခိုင္းရင္ေတာင္မရပ္တန့္နိုင္ေလာက္ေအာင္အထိခ်စ္မိသြားတာကိုး အနိုင္က်င့္တာမဟုတ္ပါဘူး အခ်စ္ေတြမရပ္တန့္နိုင္တာပါ”

“စကားတတ္တိုင္းေလွ်ာက္ေျပာမေနနဲ႕ ငယ္ငယ္အိပ္ယာေပၚကမဆင္းနိုင္တာႏွစ္ပါတ္ျပည့္ေတာ့မယ္ေလ ေအာက္ပိုင္းေသသြားရင္ဘယ္လိုလုပ္မလဲ “

“မျဖစ္ပါဘူးကြာ ကိုကိုအဲ့ေလာက္ထိမၾကမ္းထားမိပါဘူး”

“ၾကမ္းတယ္ၾကမ္းတယ္ ခုထိခါးေအာက္ပိုင္းတစ္ခုလုံးထုံေနတုန္းပဲ အေပၚပိုင္းလည္းအတူတူပဲေလ တစ္ကိုယ္လုံးကိုကိုက္ထားေသးတယ္ ေခြးအႀကီးႀကီး”

“ဟုတ္ပါတယ္ကြာ ကိုကိုကေခြးအႀကီးႀကီး ငယ္ငယ္ဆိုတဲ့အသားတုံးေလးကိုမစားရမေနနိုင္တဲ့ေခြးအႀကီးႀကီးေလေနာ္”

“ဟမ့္”

မ်က္ေစာင္းထိုးလိုက္တာမို႔ အသည္းယားစြာၿပဳံးလိုက္ၿပီး ထိကိုင္ဖို႔အခြင့္အေရးရွာရသည္။

“ရႉးေပါက္ခ်င္လား ကိုကိုေပြ႕ပို႔မယ္ေလ”

“ဘယ္မွေပြ႕ပို႔ခ်င္မေနနဲ႕ အိပ္ယာထဲေပါက္ခ်မွာ”

“ငယ္ငယ့္သေဘာပါဗ်ာ ေပါက္ခ်ေတာ့လည္းေပသြားတဲ့အဝတ္ေတြ ကိုကိုကေလွ်ာ္ေပးမွာေပါ့”

“ကိုကို မညစ္ပတ္နဲ႕ေနာ္ အိပ္ယာထဲရႉးေပါက္ခ်ရေအာင္ငယ္ငယ္ကကေလးလား”

“ငယ္ပဲေျပာတာေလ”

“ငယ္ငယ္ကေလွ်ာက္ေျပာတာေလ ကိုကိုကအတည္ယူစရာလား”

“ဟုတ္တယ္ေနာ္ ကိုကိုမွားတာ”

“ကိုကိုက႐ြဲ႕ေနတာလား”

“ဟားဟားဟား ငယ္ကေတာ့ကြာ”

အဆိုးေလးရစ္ေနတာကိုသေဘာက်စြာရယ္ေတာ့ မ်က္ေမွာင္ေလးႀကဳံ႕ကာၾကည့္လာေလသည္။

“ငယ္ငယ့္ကိုေလွာင္တာလား”

“မေလွာင္ပါဘူးငယ္ရဲ႕”

“ေလွာင္တယ္ ငယ္ငယ္နာေနတာကို ကိုကိုကရယ္နိုင္ေသးတယ္ေလ အဲ့တာေလွာင္ေနတာမလို႔ေပါ့”

“ကေလးေလးစိတ္ေတြအရမ္းဆိုးေနတာပဲ”

“အဲ့ေတာ့မခ်စ္ေတာ့ဘူးေပါ့”

“ဘယ္ကသာကြာ ခ်စ္လြန္းလို႔ထားစရာေနရာမရွိျဖစ္ေနတာ”

“ကိုကို႔ရင္ခြင္ထဲထားေလ ဘယ္သြားထားခ်င္ေနေသးတာလဲ”

“ဟုတ္ၿပီဟုတ္ၿပီ ကိုကို႔ရင္ခြင္ထဲသိမ္းထားမွာ လာပါအုံး”

“မထိေသးနဲ႕လို႔ နာေနတာပါဆို အဲ့ကိုကိုကထိၿပီးရင္ျပန္မလႊတ္ေပးေတာ့ဘဲနဲ႕”

“ဟုတ္ၿပီေနာ္မထိေတာ့ဘူး တစ္စိမ့္စိမ့္ထိုင္ၾကည့္ေနမွာ”

“ပုံျပင္ေျပာျပ”

“ကိုကိုမွမေျပာျပတတ္တာ ငယ္ရဲ႕”

“အဲ့တာဆို ဘဘကိုေခၚေပး”

“ဟမ္”

“ဟိုတစ္ေန႕ကဘဘေျပာတဲ့ ပုံျပင္နားေထာင္ခ်င္တယ္လို႔ “

“ဘာပုံျပင္လဲငယ္”

“မသိလို႔နားေထာင္ခ်င္တာေပါ့ဆို အဲ့တာေၾကာင့္ကိုကိုကေခၚေပးလို႔”

“ကိုကိုကမသိဘူးေလငယ္ရယ္ ငယ္ေတြ႕ခ်င္ရင္စိတ္ထဲကေတြးလိုက္ေလ ေရာက္လာမွာေပါ့”

“ခုေတြ႕ခ်င္တာလို႔ခု ခုနားေထာင္ၿပီးအိပ္မွာ ရွာေပးပါဆို မရွာေပးရင္ငိုမွာေနာ္”

တကယ္ငိုမည့္ဟန္ျပင္လာတာမို႔ သူ႕မွာကမန္းကတမ္းမတ္တပ္ထရပ္မိသည္။ကေလးကိုမ်က္ရည္ေတာင္ဝိုင္းေစခ်င္တာမဟုတ္ဘူး။

“ဟုတ္ၿပီေနာ္ကိုကိုသြားရွာေပးမယ္”

“ျမန္ျမန္ျပန္လာေနာ္”

“ဟုတ္ကဲ့ဗ်ာ”

ျပန္ေျဖရင္း ခပ္သြက္သြက္အိမ္ေအာက္ဆင္းရသည္။သူကိုယ္တိုင္သြားလို႔မရ ငယ့္ကိုစိတ္မခ်လိဳ႕။သူ႕လူေတြကိုသာအမိန့္ေပးလိုက္မည္။မေတြ႕လည္းကိစၥမရွိ ငယ္ကအိပ္ခ်င္လို႔ဂ်ီက်ေနတာမို႔ အိပ္ေပ်ာ္သြားတဲ့အထိအခန္းျပင္မွာေစာင့္ေပးေနလိုက္မည္။ေတြ႕ခဲ့ေတာ့လည္းကံေပါ့။

အေတြးေတြထဲအစီစဥ္ခ်ေနတုန္း အိမ္ျပင္ထြက္ထြက္ခ်င္း ငယ္ေတြ႕ခ်င္တဲ့သူကအရံသင့္။စိတ္ထဲမွာသိပ္ေတာ့မအံ့ဩမိ ငယ္ဆိုတာသာမာန္မွမဟုတ္ဘဲေလ။

“ဟို…..ငယ္ကေတြ႕ခ်င္ေနတယ္”

“အထဲဝင္ခြင့္ျပဳေပးမလား”

“ဟုတ္ကဲ့”

သူ႕အေျဖဆုံးေတာ့အိမ္ေပၚတက္ဖို႔ျပင္ၿပီးမွ ေျခလွမ္းေတြရပ္သြားေလသည္။ထို႔ေနာက္သူ႕ကိုရည္႐ြယ္သည့္စကားေတြက ထိုပုဂၢိုလ္ထံမွ ညင္သာေသာ္လည္းၾကည္လင္စြာ စြာတိုးထြက္လာေလသည္။

“တစ္ခ်ိဳ႕အရာေတြအတြက္စိတ္ပူဖို႔မလိုအပ္သလို အျပစ္တစ္ခုလို႔လည္းမေတြးပါနဲ႕ တစ္ခါတစ္ေလသာမာန္လူေတြမလြန္ဆန္နိုင္တဲ့အရာေတြေၾကာင့္ ထိန္းခ်ဳပ္ခံလိုက္ရတာေတြရွိတယ္ အဘဘာေျပာခ်င္လည္းသေဘာေပါက္တယ္မလား မင္းလည္းတစ္ခ်ိဳ႕အရာေတြသိထားၿပီးသားေနမွာပါ ယုံတာမယုံတာဟာ မင္းဆုံးျဖတ္ခ်က္ပါပဲ”

ျပန္မေျဖမိတာကိုမေစာင့္ဘဲအိမ္ေပၚတက္သြားတာမို႔ သူ႕ဆီကအေျဖကိုလိုမေနခဲ့တာေနမွာ။

“ဘဘ”

“ေတြ႕ခ်င္ေနတာမလားကေလး”

“ဟုတ္”

“ရတယ္မထနဲ႕ ကေလးသက္သာသလိုေန”

လွဲေနရာကထဖို႔ျပင္ေတာ့ ပုခုံးေလးအသာဖိကာတားလာေလသည္။ရင္းႏွီးေနသည့္အေငြ႕အသက္ကဘာေၾကာင့္မွန္းမသိ။ငယ္ငယ္ႏွင့္အခ်ိန္အၾကာႀကီးအတူရွိခဲ့ဖူးသူလိုမ်ိဳး သူဆိုးသမွ်သည္းခံေပးခဲ့သလိုမ်ိဳးခံစားေနရသည္။

“ဘဘပုံျပင္ေျပာျပမွာမလား”

“အရမ္းနားေထာင္ခ်င္ေနတာလား”

“ဟုတ္”

သူအားတက္သေရာအေျဖေပးေတာ့ ၾကင္နာစြာၿပဳံးျပလာတာကသူ႕ႏွလုံးသားကိုႏြေးေထြးေစသည္။

“အခုေျပာျပမွာက ယုံၾကည္ရင္တကယ့္အျဖစ္အပ်က္လို႔ေျပာလို႔ရၿပီး မယုံၾကည္ရင္ပုံျပင္တစ္ပုဒ္လို႔သတ္မွတ္လို႔ရတယ္”

“ငယ္ငယ့္ကိုဘာလို႔ေျပာျပတာလဲဟင္”

“ေနာင္တစ္ခ်ိန္မွာအသုံးဝင္လာမယ္ထင္လို႔”

“ဪ”

“အဲ့ပုံျပင္ေလးကသာမာန္မဟုတ္သလို ဆန္းလည္းဆန္းျပားမေနဘူး နတ္ဆိုးတစ္ပါးကနတ္ဘုရားေပါက္စေလးကိုခ်စ္မိသြား႐ုံတင္”

“နတ္ဘုရားေလးကျပန္မခ်စ္ဖူးလား”

“အဲ့လိုလည္းမဟုတ္ဘူး အစကေနေျပာျပမယ္”

အစရွာေနသလိုခဏနားလိုက္ၿပီးမွ ပုံျပင္မဟုတ္သည့္ပုံျပင္ေလး၏ နိဒါန္းကိုအစခ်ီေလသည္။

“ေကာင္းကင္ဘုံရဲ႕လနတ္ဘုရားႀကီးမွာသားေတာ္ႏွစ္ပါးနဲ႕သမီးေတာ္တစ္ပါးရွိတယ္ မင္းသမီးေလးကေမြးလာကတည္းကကိုယ္စားျပဳပန္းတစ္မ်ိဳးနဲ႕အတူေမြးလာတာေလ အဲ့ပန္းေတြကမင္းသမီးရဲ႕အမွတ္အသားတဲ့ ဘာလို႔လဲဆိုေတာ့ပန္းရနံ႕ကမင္းသမီးေလးကိုယ္မွာပဲရွိသလို သူရွိတဲ့ေနရာမွာပဲပြင့္တာမလို႔”

“ဝါးးးးးကံေကာင္းလိုက္တာေနာ္”

“ဟုတ္တယ္ ၿပီးေတာ့ထူးျခားခ်က္တစ္ခုက ေမြးဖြားလာလာခ်င္းဖူးစာရွင္ပါသတ္မွတ္ခံထားရတာ သူ႕ဖူးစာရွင္ကသူ႕ဖခမည္းေတာ္နဲ႕အသက္သိပ္မကြာတဲ့မေကာင္းမႈနတ္ဆိုးတဲ့”

“နတ္ဆိုးဆိုေတာ့မေကာင္းတဲ့သူေပါ့ေနာ္”

“အဲ့လိုလည္းသတ္မွတ္လို႔မရဘူး ေမြးဖြားလာကတည္းကနတ္ဆိုးတစ္ေကာင္အေနနဲ႕ဆိုေပမယ့္ သူကမေကာင္းမႈေတြမလုပ္ဖူးဘူး ဒါေပမယ့္ေကာင္းကင္ဘုံနဲ႕ကေတာ့အၿမဲရန္ဘက္ေတြ သူစိတ္မထင္ရင္မထင္သလိုေကာင္းကင္ဘုံကိုဒုကၡေပးလြန္းလို႔ သူ႕ကိုအၿမဲမုန္းတီးေနတာ”

“……………..”

“ဒါေပမယ့္သူကစြမ္းအားအရမ္းႀကီးတာမို႔ ေကာင္းကင္ဘုံကိုသူ,ခိုးခိုးၿပီးဝင္ေနတာကိုဘယ္သူမွမသိဘူး”

“သူကဘာလုပ္လို႔စြမ္းအားႀကီးတာလဲ”

“လူေတြရဲ႕မေကာင္းမႈေတြအားလုံးကိုသူကရရွိေနတာမလို႔ေလ ေလာကႀကီးမွာဘယ္ေလာက္ပဲေကာင္းတဲ့လူလို႔ေျပာေျပာအတြင္းဘက္မသိစိတ္ထဲမွာ အနည္းနဲ႕အမ်ားေတာ့မေကာင္းမႈေတြရွိတတ္တယ္ လူတိုင္းမွာေကာင္းမႈမရွိနိုင္ေပမယ့္ မေကာင္းမႈကေတာ့လူတိုင္းမွာရွိတယ္”

“ဟုတ္တယ္ေနာ္”

သူေထာက္ခံမိသည္။လူတိုင္းကအက်င့္ေကာင္းေနတာမွမဟုတ္တာကို။

“လနတ္ဘုရားကသူ႕သမီးေတာ္ေလးကိုနတ္ဆိုးနဲ႕သေဘာမတူနိုင္ဘူးေလ အ႐ြယ္ေရာက္တာနဲ႕ဖူးစာႀကိဳးျဖတ္ဖို႔အတြက္သူစီစဥ္ၿပီးသား ဒါေပမယ့္တစ္ခ်ိဳ႕ဖူးစာေတြဆိုတာ နတ္ဘုရားေတြကိုယ္တိုင္ျဖတ္ရင္ေတာင္မျပတ္နိုင္တဲ့အထိခိုင္ၿမဲတတ္တယ္”

“…………..”

“နတ္ဘုရားႀကီးကမင္းသမီးေလးကိုဘယ္မွမသြားခိုင္းဘူး အဲ့တာေၾကာင့္မင္းသမီးေလးက သူ႕အစ္ကိုေတာ္ႏွစ္ေယာက္ရယ္ သူငယ္ခ်င္းရယ္ကလြဲရင္ဘယ္သူနဲ႕မွမရင္းႏွီးဘူး အခ်ိန္ျပည့္ဉယ်ာဥ္ထဲမွာပဲေဆာ့ကစားေနတတ္ၿပီးေတာ့ အျပင္ထြက္ရတာလည္းစိတ္မဝင္စားဘူး”

“နတ္ဆိုးနဲ႕ဘယ္လိုေတြ႕တာလဲ”

“နတ္ဆိုးကိုယ္တိုင္ေရာက္လာခဲ့တာေပါ့ ကံၾကမၼာနတ္ဘုရားမကတစ္ဆင့္ဖူးစာဖက္အေၾကာင္းသိသြားတာမို႔ သူကေရာက္လာတာ လာတုန္းကေတာ့အေပ်ာ္သေဘာပါဘဲ ကေလးတစ္ေယာက္ကိုၿခိမ္းေျခာက္ဖို႔အတြက္ေလ”

“သူကမႀကိဳက္ဘူးလား”

“သူကတပ္မက္မႈကင္းေနတဲ့နတ္ဆိုးဆိုၿပီးေက်ာ္ၾကားတယ္ေလ အခ်စ္ကိုအယုံၾကည္မရွိသလို သူ႕ကိုရန္သူလိုသေဘာထားတဲ့နတ္ဘုရားရဲ႕သမီးေတာ္ဆိုေတာ့ သူ႕အတြက္ပိုၿပီးမျဖစ္နိုင္ဘူး အႀကီးဆုံးအခ်က္ကအသက္ကြာျခားမႈပဲ သူကအသက္ေထာင္ခ်ီေနခ်ိန္မွာ မင္းသမီးေလးက သက္တမ္း၃၀ပဲရွိေသးတာ သက္တမ္း၃၀ဆိုတာေကာင္းကင္ဘုံမွာေတာ့ကေလးသာသာပဲေလ ဘာမွမသိေသးနားမလည္ေသးသလို ခ်စ္ျခင္းမုန္းျခင္းကိုလည္းမခံစားတတ္ေသးဘူး”

“အဲ့ေတာ့ဘယ္လိုျဖစ္သြားတာလဲ”

“နတ္ဆိုးကနတ္ဘုရားဥယ်ာဥ္အတြင္းကိုခိုးဝင္ခဲ့တာ ၿပီးေတာ့မင္းသမီးေလးကိုျမင္ျမင္ခ်င္းခ်စ္သြားခဲ့တာ”

“အယ္”

“ဟုတ္တယ္ ၿပီးေတာ့အဲ့တစ္ႀကိမ္ကလည္း သူတို႔ႏွစ္ေယာက္ဆုံတာ ပထမဆုံးနဲ႕ေနာက္ဆုံးအႀကိမ္ပဲ”

“ဘာလို႔လဲ”

“လနတ္ဘုရားႀကီးသိသြားလို႔ေပါ့”

“အာ”

“သိသြားရတဲ့အေၾကာင္းရင္းကလည္း ကံၾကမၼာနတ္သမီးေၾကာင့္ပဲေလ”

“ဟမ္”

“နတ္ဆိုးကမင္းသမီးေလးကိုသူတို႔ႏွစ္ေယာက္ေတြ႕တဲ့အေၾကာင္းဘယ္သူ႕ကိုမွျပန္မေျပာခိုင္းဘူးေလ အဲ့ေတာ့မင္းသမီးေလးကလည္းကေလးဆိုေတာ့ေၾကာက္တာကိုး သူကသူ႕ခမည္းေတာ္ကိုေတာင္ျပန္မေျပာဘူး ဒါေပမယ့္ကံၾကမၼာနတ္သမီးကသိတယ္ေလ သူကိုယ္တိုင္ဆြဲထားတဲ့အစီအစဥ္ပဲဟာ”

“နတ္ဘုရားႀကီးကဘာလုပ္လိုက္တာလဲဟင္”

“မင္းသမီးေလးကိုလူ႕ျပည္မွာဖြက္ပစ္လိုက္တာေပါ့”

“ဘာလို႔လဲ”

“အဲ့လိုနတ္ဆိုးမ်ိဳးနဲ႕သူ႕ကေလးကိုဘယ္သူကသေဘာတူနိုင္မွာလဲ အဲ့တာေၾကာင့္ကံၾကမၼာနတ္သမီးရဲ႕အႀကံအတိုင္း မင္းသမီးေလးကိုလူ႕ျပည္မွာဖြက္ပစ္လိုက္တာ”

“နတ္ဆိုးကအစြမ္းႀကီးတယ္မဟုတ္ဘူးလား မရွာနိုင္ဘူးလား”

“အစီအရင္ေတြနဲ႕လုပ္ပစ္လိုက္တာမို႔နတ္ဆိုးလည္းမသိနိုင္ေတာ့ဘူးေလ မင္းသမီးေလးကိုဖြက္ပစ္လိုက္ကတည္းကကိုယ္စားျပဳပန္းေတြလည္းေပ်ာက္ကုန္ေတာ့တာ လူ႕ျပည္မွာပဲပြင့္ေတာ့တာေလ အမွန္တကယ္ေတာ့မင္းသမီးေလးရဲ႕ရနံ႕အစစ္ကိုပန္းရနံ႕ေတြနဲ႕ဖုံးပစ္လိုက္တာ”

“..”

“နတ္ဆိုးကအရမ္းခ်စ္မိသြားတာမလို႔လူ႕ျပည္ကိုလိုက္သြားခဲ့တာေလ ဘဝအဆက္ဆက္ဝင္စားၿပီးသူ႕ၾကင္ယာေတာ္ကိုလိုက္ရွာေနတာ ျပန္မေတြ႕ေသးမခ်င္းအစြမ္းေတြမရနိုင္ေတာ့သလို အတိတ္ကိုလည္းမမွတ္မိနိုင္ဘဲသံသရာလည္ေနမွာ”

“အကယ္၍မင္းသမီးေလးက လူ႕ျပည္မွာခ်စ္သူေတြ႕သြားရင္ေရာ”

“မျဖစ္နိုင္ဘူး မင္းသမီးေလးကအခ်စ္ေျခက်င္းနဲ႕ခ်ည္ႏွောင္ခံထားရၿပီးသား”

“အခ်စ္ေျခက်င္း”

“နတ္ဆိုးကသိပ္ဉာဏ္မ်ားတာ သူကေတြ႕ေတြ႕ခ်င္းမင္းသမီးေလးကိုအခ်စ္ေျခက်င္းနဲ႕ခ်ည္ႏွောင္ပစ္တာေလ အဲ့ေျခက်င္းရွိေနသ၍မင္းသမီးေလးကဘယ္သူ႕ကိုမွခ်စ္မိမွာမဟုတ္ေတာ့ဘူး နတ္ဆိုးရဲ႕အေတြးေတြကရွင္းပါတယ္ မင္းသမီးေလးကငယ္ေသးတာမလို႔စိတ္ကစားၿပီးတျခားလူကိုခ်စ္မိသြားမွာဆိုးတာ သူကမင္းသမီးေလးအ႐ြယ္ေရာက္လာတဲ့အထိေစာင့္ေနဖို႔ရည္႐ြယ္ခ်က္နဲ႕ေလ
ဒါေပမယ့္အေျခေနေတြကထင္သလိုျဖစ္မလာခဲ့တာ”

“အဲ့ေျခက်င္းကလူ႕ျပည္မွာပါအက်ဳံးဝင္တာလား”

“ဟုတ္တယ္ နတ္ဆိုးကိုယ္တိုင္သစၥာမပ်က္မခ်င္းဘယ္ဘဝဘယ္အေျခေနပဲေရာက္ေရာက္ အၿမဲခ်ည္ႏွောင္ထားမွာ ၿပီးေတာ့အဲ့ေျခက်င္းမွာက်ိန္စာပါတြဲပါလာတယ္ သူ႕ကိုခ်စ္မိလို႔အပိုင္ယူပစ္ဖို႔ႀကံတဲ့လူတိုင္းအသက္ရွင္ခြင့္မရွိဘူး”

“ဪ ဘယ္လိုလုပ္မွလြတ္ေျမာက္မွာလဲဟင္ အၿမဲတမ္းအဲ့လိုျဖစ္ေနမွာလား”

“အေျခေနတစ္ခုရွိတယ္ အကယ္၍နတ္ဆိုးကလူမွားခ်စ္မိသြားခဲ့ရင္ ဒါမွမဟုတ္သူ႕လက္နဲ႕ကိုယ္တိုင္သတ္ပစ္မိခဲ့ရင္ မင္းသမီးေလးကျပန္ခြင့္ရသြားမွာ နတ္ဆိုးကေတာ့ဘဝဆက္တိုင္းသံသရာလည္ေနေတာ့မွာျပန္ခြင့္မရွိေတာ့ဘူး”

“အဲ့တာဆိုဘဝဆက္တိုင္းႏွစ္ေယာက္လုံးကတျခားသူကို ခ်စ္လို႔မရဘူးေပါ့ေနာ္”

“ဟုတ္တယ္ ဒါေတြအားလုံးက ကံၾကမၼာနတ္သမီးရဲ႕အစီအစဥ္ေတြေလ”

“ဘာလို႔အဲ့လိုလုပ္တာလဲ”

“နတ္ဆိုးရဲ႕စြမ္းအားေတြကိုတပ္မက္လို႔ေပါ့”

“ဘာဆိုင္လို႔လဲဟင္”

“ဆိုင္တာေပါ့ အကယ္၍လူ႕ေလာကမွာေရာက္ေနရင္နတ္ဆိုးဆိုတာသူ႕လက္ထဲကနယ္႐ုပ္ေလးသာသာပဲေလ ကံၾကမၼာတစ္ခုဖန္တီးၿပီးနတ္ဆိုးကိုယ္တိုင္မင္းသမီးေလးကိုသတ္ပစ္ေစနိုင္သလို နတ္ဆိုးကသူ႕စီစဥ္မႈေအာက္မွာလူမွားၿပီးခ်စ္မိသြားနိုင္တာပဲ
အဲ့လိုဆိုရင္နတ္ဆိုးရဲ႕စြမ္းအားေတြအကုန္လုံးကံၾကမၼာနတ္သမီးရဲ႕လက္ထဲေရာက္သြားမွာပဲေလ”

“နတ္ဆိုးကမသိဘူးလား ဘာလို႔လူ႕ျပည္ကိုလိုက္သြားရတာလဲ”

“သူကအရမ္းခ်စ္မိသြားတာကိုး သူပိုင္ဆိုင္တဲ့အရာေတြကိုမမက္ေမာေပမယ့္ မင္းသမီးေလးကိုေတာ့အဆုံးရႈံးမခံနိုင္လို႔ေလ”

“မင္းသမီးေလးကေရာျပန္ခ်စ္လာမွာလားဟင္”

“အဲ့တာကေတာ့မေသခ်ာဘူးေပါ့ မင္းသမီးေလးကိုလူ႕ျပည္မွာဖြက္ပစ္လိုက္တုန္းကသူကကေလးစိတ္ပဲရွိေသးတာ ေကာင္းကင္ဘုံရဲ႕သက္တမ္းကသာသူ႕အတြက္အစစ္အမွန္မလို႔ သူကဘယ္ေတာ့မွမရင့္က်က္ေတာ့ဘူး ရင့္က်က္သင့္တဲ့အ႐ြယ္ေရာက္ရင္အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ကြယ္လြန္ရလိမ့္မယ္ ေနာက္ၿပီးေတာ့အခုခ်ိန္ထိလည္းသူကကေလးစိတ္မေပ်ာက္ေသးဘူးထင္ပါတယ္”

“အခုခ်ိန္ထိ”

“အြန္း အခုခ်ိန္ထိ……. သူကိုကိုယ္စားျပဳတဲ့ပန္းေတြအခုခ်ိန္ထိလူ႕ျပည္မွာရွိေနတုန္းပဲ ဆိုေတာ့သူကလူ႕ျပည္မွာပဲဆိုတဲ့သေဘာေပါ့”

“ဘာပန္းလဲဟင္”

“စံပယ္ပန္းေလ”

“ဝါးးးးးသားရဲ႕ဖယ္ရိုမုန္းနံ႕ကလည္းစံပယ္ရနံ႕ေလ ေပ်ာ္စရာႀကီးသားမွာေကာင္းကင္ဘုံကပန္းရနံ႕ေလးရွိတယ္”

“ဟုတ္တာေပါ့အရမ္းကံေကာင္းတာ”

ေခါင္းကိုအသာပုတ္ေပးေနရင္း ေမတၱာျပည့္ဝေနတဲ့မ်က္ဝန္းေတြနဲ႕ၾကည့္ေနတာက သူ႕ရဲ႕ရင္ေသြးေလးလိုမ်ိဳး။

“အဲ့ဒါဆိုသူတို႔ႏွစ္ေယာက္ကအခုထိမေတြ႕ေသးဘူးေပါ့ေနာ္”

“ေတြ႕သြားၿပီ”

“တကယ္လား အဲ့တာဆိုစံပယ္ပန္းေတြေပ်ာက္ကြယ္ေတာ့မွာလား”

သူခ်စ္တဲ့ပန္းကေလးေတြက အၿမဲတမ္းမတည္ရွိနိုင္ဘူးဆိုတာၾကားရေတာ့ သူတုန္လႈပ္သြားမိသည္။

” သူတို႔ေတြ႕ေနၾကၿပီဆိုေပမယ့္ ထာဝရအတူရွိရဖို႔ေတာ့မေသခ်ာေသးဘူး”

“ဘာလို႔လဲဟင္”

“ကံၾကမၼာနတ္သမီးေၾကာင့္ေလ”

“သူကပါလာျပန္ၿပီလား နတ္သမီးျဖစ္ေနၿပီးဘာလို႔အဲ့ေလာက္အက်င့္ပုပ္ရတာလဲ မုန္းစရာႀကီး”

“သူကႏွစ္ေတြအၾကာႀကီးအစီစဥ္ဆြဲေနတာ သူအဆင္သင့္ျဖစ္ၿပီဆိုမွ သူ႕ရဲ႕ကံေတြအကုန္အသုံးျပဳၿပီး ကံၾကမၼာတစ္ခုကိုဖန္တီးတယ္ ၿပီးေတာ့သူတို႔ႏွစ္ေယာက္ကိုေတြ႕ဆုံေစတယ္ ေကာင္းေသာေတြ႕ဆုံျခင္းေတာ့မဟုတ္ဘူးေပါ့ နတ္ဆိုးကိုယ္တိုင္မင္းသမီးေလးကိုအရမ္းမုန္းတီးေနၿပီးသတ္ပစ္ရမယ့္ကံၾကမၼာကိုဖန္တီးခဲ့တာ”

“အခုဘယ္လိုျဖစ္သြားၿပီလဲဟင္”

“နတ္ဆိုးရဲ႕အခ်စ္ေတြကစစ္မွန္ေတာ့ ကံၾကမၼာနတ္သမီးကိုယ္တိုင္ေရးဆြဲတဲ့ကံၾကမၼာကိုဆန့္က်င္ၿပီး မင္းသမီးေလးကိုထပ္ခ်စ္မိသြားတယ္သတ္ပစ္ဖို႔မေျပာနဲ႕ မင္းသမီးေလးစိတ္ဆိုးရင္ေတာင္ စိတ္ဆိုးေအာင္လုပ္တဲ့လူကိုသူကသတ္ပစ္အုံးမွာ”

“အဲ့တာဆိုရၿပီေလ HappyEndingလုပ္လို႔မရဘူးလား”

“ထင္သေလာက္မလြယ္ဘူးေလကေလးရဲ႕ ဘာလို႔လဲဆိုေတာ့ ကံၾကမၼာနတ္သမီးပါအဲ့ကမၻာထဲမွာေရာက္ေနတာ တစ္ခုခုမွားတာနဲ႕ သူတို႔ႏွစ္ေယာက္ထာဝရေဝးရမွာ”

“နတ္ဆိုးကစြမ္းအားႀကီးတယ္မဟုတ္လား”

“သူ႕အစြမ္းေတြကခ်ိပ္ပိတ္ထားတာေလ ၿပီးေတာ့ကံၾကမၼာနတ္သမီးကသူ႕စြမ္းအားေတြအကုန္သုံးၿပီး ကံၾကမၼာအသစ္တစ္ခုကိုဖန္တီးထားတာမို႔ လြယ္လြယ္နဲ႕ေပါင္းဖက္လို႔မရနိုင္ဘူးေပါ့”

“လနတ္ဘုရားႀကီးကမသိဘူးလား”

“အရင္တုန္းကေတာ့အယုံလြယ္ခဲ့တာကိုး ေကာင္းမႈေတြေၾကာင့္ေကာင္းကင္ဘုံေရာက္လာတဲ့သူကို မေကာင္းေတြေၾကာင့္ေပါက္ဖြားလာတဲ့နတ္ဆိုးထက္ပိုၿပီးယုံၾကည္ခဲ့တာ သိသြားတဲ့အခ်ိန္ကေနာက္က်သြားၿပီ
ကမၻာျခားေနတဲ့ႏွစ္ေယာက္ကိုဆိုး႐ြားတဲ့ေရစက္ေတြနဲဆုံေတြ႕ခိုင္းခဲ့ၿပီးသြားၿပီ”

“သူ႕ကေလးကိုအၿမဲေစာင့္မၾကည့္ေနဘူးလား”

“ေစာင့္ၾကည့္ေနလို႔သိခဲ့ရတာေပါ့ အဲ့တာေၾကာင့္အစ္ကိုႏွစ္ေယာက္ေကာ သူငယ္ခ်င္းျဖစ္သူေရာ သူနဲ႕အတူလူ႕ျပည္ေရာက္လာတာ အားလုံးကဘာမွမမွတ္မိေပမယ့္ ကာကြယ္ေပးရမယ္ဆိုတဲ့စိတ္ေတာ့သူတို႔အေတြးထဲမွာအၿမဲတမ္းရွိတယ္”

“ဘဘကဒီအေၾကာင္းေတြဘယ္လိုသိတာလဲဟင္”

“ဘဘကကံေကာင္းတဲ့သူမို႔လို႔ေပါ့”

“ငယ္ငယ္ကေရာ”

“ကေလးကလည္းကံေကာင္းတဲ့သူမို႔လို႔”

“ဟီးဟီးးးးး”

“ေျပာၾကည့္ပါအုံး ကေလးအေနနဲ႕ဆိုရင္ေရာ အဲ့ဒီနတ္ဆိုးကိုဘယ္လိုျမင္လဲ”

“အမ္….. မင္းသမီးေလးျပန္ခ်စ္သင့္တယ္လို႔ထင္တယ္ သူကတစ္ခါေလးေတြ႕ဖူးတာေတာင္မွမေသခ်ာတဲ့အေျဖတစ္ခုအတြက္ အရာအားလုံးစြန့္လႊတ္ၿပီးလိုက္ရွာခဲ့တာပဲဟာ တကယ္အရမ္းခ်စ္လို႔ေနမွာ”

“ေ႐ြးခ်ယ္ခြင့္မေပးဘဲခ်ဳပ္ႏွောင္ထားတာကိုေရာ မင္းသမီးေလးကကမၻာေပါင္းမ်ားစြာကိုတစ္ေယာက္တည္းျဖတ္သန္းခဲ့ရတာေလ အခ်စ္ဆိုတာဘာမွန္းမသိတဲ့စိတ္နဲ႕ သူ႕မွာလည္းလြတ္လြတ္လပ္လပ္ခ်စ္ပိုင္ခြင့္ရွိတယ္လို႔မထင္ဘူးလား”

“အခ်စ္ကအရမ္းအေရးႀကီးတာလားဟင္ သူ႕ကိုအရမ္းခ်စ္ေပးတဲ့သူရွိေနတာပဲ ျပန္ခ်စ္လိုက္ရင္ႏွစ္ေယာက္လုံးေပ်ာ္သြားရမွာပဲဟာ ဘာလို႔တျခားအခ်စ္ကိုရွာေနမွာလဲ”

“ကေလးေရာ…… သူ႕ကိုျပန္ခ်စ္မိသြားၿပီလား”

“အာ….ကိုကိုကလုံၿခဳံမႈလည္းေပးနိုင္တယ္၊အၿမဲတမ္းလည္းဂ႐ုစိုက္ေပးတယ္၊အလိုလည္းလိုက္တယ္ ငယ္ငယ္ေပ်ာ္တယ္ေလ ငယ္ငယ့္ကိုေပ်ာ္ေအာင္ထားတဲ့လူကိုခ်စ္မိတာ ငယ္ငယ့္မွာအျပစ္မရွိဘူးမလားဟင္”

သူ႕အေျဖမွန္ေၾကာင္းေထာက္ခံေစခ်င္တဲ့မ်က္ဝန္းေလးေတြကို ဘယ္သူကလြန္ဆန္နိုင္မွာတဲ့လဲ။

“ဒါေပါ့ ဘဝမွာအေရးႀကီးဆုံးကေပ်ာ္႐ႊင္ရဖို႔ပဲေလ ကေလးမွာဘယ္လိုလုပ္ၿပီးအျပစ္ရွိမွာလဲ ကိုယ့္အေပၚအရမ္းဆိုးတဲ့လူကိုေတာင္ခ်စ္မိနိုင္ေသးရင္ အရမ္းေကာင္းေပးတဲ့လူကိုခ်စ္မိတာျဖစ္သင့္တာေပါ့”

“ဟီးးးး”

“အိပ္ေတာ့..”

“ဟုတ္”

ဦးေခါင္းေလးထက္တစ္ခ်က္သပ္ေပးေတာ့ တန္းအိပ္ေပ်ာ္သြားတာမို႔ သက္ျပင္းသာခ်မိသည္။

“ခမည္းေတာ္ရဲ႕ကေလးေလးကသူ႕ကိုသေဘာက်တယ္ဆိုရင္ ခမည္းေတာ္ကဘာလို႔ကန့္ကြက္ေနရမွာလဲ ေရာက္လာတာေနာက္က်ခဲ့လို႔ေတာင္းပန္တယ္ေနာ္ ကေလးေလးအၿမဲေပ်ာ္႐ႊင္ေအာင္ေန ခြဲခဲ့ရတဲ့ႏွစ္ရာခ်ီနဲ႕စာရင္ ျပန္ဆုံရဖို႔သိပ္မလိုေတာ့တာမို႔ ခမည္းေတာ္ေစာင့္နိုင္ပါတယ္”

တီးတိုးစကားအဆုံးႏွဖူးျပင္ေလးကိုအသာနမ္းမိသည္။အိပ္ယာဝင္တိုင္းအနမ္းေပးသိပ္ရတဲ့သူ႕ရဲ႕ရင္ေသြးေလးေတာင္ သူနဲ႕ေဝးတဲ့အရပ္မွာခ်စ္တတ္တဲ့အထိရင့္က်က္သြားၿပီပဲ။

“ေတြ႕ခဲ့ဖူးတာေတြေမ့ပစ္လိုက္ရမယ္ေနာ္”

ႏွဖူးထက္လက္ညွိုးေလးနဲ႕ဖိကပ္ေတာ့ မ်က္ခုံးေလးရႈံ႕သြားတဲ့ကေလးက မသက္မသာခံစားေနရဟန္။အလင္းစက္ေလးကြယ္ေပ်ာက္မွသူထရပ္လိုက္သည္။ဆက္ၾကည့္ေနမိရင္ ကေလးကိုပိုလြမ္းေနရလိမ့္မည္။

ေအာက္ထပ္ဆင္းေတာ့စားပြဲမွာထိုင္ေနသူက မတ္တပ္ရပ္လာေလသည္။

“ငါ့မ်က္လုံးကိုဆုံေအာင္ၾကည့္”

သူ႕အမိန့္အဆုံးတည့္တည့္စိုက္ၾကည့္လာသူက ခဏအၾကာမ်က္ဝန္းတို႔ေမွးမွိတ္သြားေလသည္။

“သေဘာထားႀကီးစြာနဲ႕သေဘာတူေပးမယ္ ကေလးကိုေပ်ာ္ေအာင္ထားဖို႔မပ်က္ကြက္ပါေစနဲ႕ ငါနဲ႕ေတြ႕ခဲ့တာေတြအားလုံးကိုေမ့ပစ္”

စကားအဆုံးလွစ္ခနဲေပ်ာက္ကြယ္သြားေသာအရိပ္တစ္ခု။

သူမ်က္ဝန္းေတြဖြင့္ၾကည့္ေတာ့အိမ္ေအာက္ထပ္မွာ။

“ငယ္ငယ္ေရာ”

အေတြးေတြနဲ႕အတူအိမ္ေပၚေျပးတက္ကာအိပ္ခန္းထဲေရာက္မွ သက္ျပင္းခ်နိဳင္သည္။
အိပ္ယာထက္ေမွးစက္ေနတဲ့သူ႕ကေလးက ႏွစ္ၿခိဳက္ဖြယ္။ကိုယ္လုံးေလးကိုေပြ႕ဖက္လို႔သူပါဝင္လွဲလိုက္သည္။ထာဝရရဲ႕ထာဝရအထိမင္းနဲ႕ပဲအသက္ဆက္ရွင္တယ္အခ်စ္ရယ္

################

ၿငိမ္း🌞🌻

ဒီအပိုင္းေလးကေလ ယုတၱိမရွိတာ အရမ္းစိတ္ကူးယဥ္ဆန္ေနတာသိေပမယ့္ ၿငိမ္းကဒီအေၾကာင္းအရာေလးကိုအေျခခံၿပီးမွ အခုဇာတ္လမ္းေလးကိုအသက္သြင္းလိုက္တာဆိုေတာ့ နည္းနည္းေလးနားလည္ေပးေစခ်င္တယ္ေပါ့ေနာ္ ဖတ္ရတာေပါ့သြားတယ္ ဇာတ္လမ္းကိုဖ်က္ဆီးမိသြားတယ္လို႔ခံစားရရင္လာေျပာလို႔ရပါတယ္ေနာ္ အခ်စ္ကေလးတို႔ရဲ႕ေဝဖန္အႀကံျပဳခ်က္ေလးေတြကိုလည္းေမွ်ာ္လင့္ေနပါတယ္လို႔…..

Tags: read novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈, novel Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈, read Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈ online, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈ chapter, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈ high quality, Ocean (Á€Žá€™Á€¯Á€’Á€¹Á€’Á€›Á€¬Á€•Á€­Á€¯Á€„Á€ºá€Á€²Á€·Á€Œá€Á€¼Á€™Á€ºá€¸Á€„Á€Šá€º) (Complete) အပိုင်း ၃၈ light novel, ,

Comment

Leave a Reply

Chapter 39